Monday, June 1, 2015

ုကျမ်းစာသည်သာငါတို့ကိုပညာပေးနိုင်၏

ဒီနေ့ပြောင်းလဲလာတဲ့ကမ္ဘာကြီးမှာယုံကြည်သူခရစ်ယာန်များအနေဖြင့်မည်သို့အသက်ရှင်ရမည် ကိုအရေးကြီးသည့်စိန်ခေါ်မှုတရပ်ဖြစ်ပေသည်။ ယုံကြည်သူခရစ်ယာန်များသည့်ငိုက်မည့်အိပ်ပျော် ခြင်း မရှိဘဲ ခေတ်ရေစီးကျောင်းနှင့်အတူဘုရားသခင်၏နုတ်ကပတ်တော်ကိုစေ့စေ့ကြည့်ရှုဖတ်ရွတ်လေ့လာ ရမည်ဖြစ်သည်။ လောကကြီးတခုလုံးသည်ဘုရားသခင်၏စီမံကိန်းထဲမှာသာရှိနေတယ်ဆိုဒါခရစ်ယာန်တိုင်း သိရှိရမည်ဖြစ်သည်။ လောကကြီးမှာဘာတွေဖြစ်လာမှာလဲ လောကကြီးဘယ်လိုအဆုံးသတ်မှာလဲဆိုဒါ ကျမ်းစာကတိတိကျကျရှင်းရှင်းလင်းလင်းဖော်ပြထားသဖြင့် ယနေ့ဖြစ်ပေါ်နေသောကမ္ဘာကြီး၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊လူမှုရေး၊ပညာရေးအားလုံးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပေ၇ာဖက်တွင်ကြိုတင်ဟောထားပြီးသားပါ။ အတိတ်၊ပစ္စုပန်၊အနာဂတ် အားလုံးသိချင်ရင် ကျမ်းစာကိုများများ ဖတ်လေ့လာပါ။ လောကမှာရေးထားတဲ့စာအုပ်တွေဟာ ခဏလေးနဲ့ပျောက်သွားနေတယ်၊ ဒသနာတွေးခေါ်ပညာရှင်၊သိပ္ပံပညာရှင် တွေရဲ့အတွေးအခေါ်များဟာ ခဏလေးအတောအတွင်းမှာလူတွေလက်ခံနိုင်ပေမဲ့ လောကရဲ့ပြောင်းလဲတဲ့ရေစီးကြောင်းကြောင့် အတွေးအခေါ်သစ်တွေအယူအဆသစ်တွေအမြဲတမ်းထွက်ပေါ်လာစမြဲပါ။ သို့သော်ကျမ်းစာသည် ပြီးပြည့်စုံ ပြီးလောကမှာမည်သူတစ်ဦးတစ်ယောက်မှနားမလည်နိုင်ဘဲ ကမ္ဘာကြီးရဲ့ အစဖြစ်တည်ခြင်း နှင့်အတူ ကမ္ဘာ ကြီး၏နောက်ဆုံးသောကာလအထိရေးသားထားခဲ့ပါသည်။ ကျမ်းစာကိုမဖတ်ရှုမလေ့လာသောသူများသည် ပညာမဲ့တစ်ယောက်ကဲ့သို့ဖြစ်ပြီးမျက်ကန်းသောသူတစ်ယောက်လိုလမ်းလျောက်သောသူကဲ့သို့ဖြစ်သည်။ ပညာတတ်ကဲ့သို့မဟုတ်ဘဲ မရှိသောသောသူအားလုံးဖြစ်စေချင်ရင်ကျမ်းစာကိုလေ့လာပြီးအသက်ရှင်ကြ ပါစို့ မေတ္တာဖြစ်တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment